“စာချုပ်သစ်အတွက်ကမ်းလှမ်းမှုကို ဖာနန်ဒက် ပယ်ချ”

15 Nov

မန်ယူအသင်းက အသင်းခေါင်းဆောင် ဖာနန်ဒက် ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့သော်လည်း ဖာနန်ဒက် က ပယ်ချလိုက်ကြောင်း သိရပါတယ်။ ဖာနန်ဒက် ဟာ ၂၀၂၀ ပြည့်နှစ်က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံးကွင်းလယ် ကစားသမားများထဲတွင် တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်သော်လည်း ယခုဘောလုံးရာသီတွင် ခြေစွမ်းပိုင်းတည်ငြိမ်ရန် ရုန်းကန်နေခဲ့ရ ပါတယ်။ မန်ယူအသင်းနှင့် ဖာနန်ဒက် တို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမှာဖြစ်လို့ မန်ယူအသင်းက ရာသီအစပိုင်းမှာ ပထမအကြိမ်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရပြီး ယခုအခါ တွင်လည်း ဒုတိယအကြိမ် ကမ်းလှမ်းမှုလုပ်ဆောင်ရာမှာ ထပ်မံပယ်ချခံရခြင်းဖြစ်ပါတယ်။ ယခုဘောလုံးရာသီတွင် မန်ယူအသင်းရလဒ်ပိုင်းများ ဆိုးရွားနေတဲ့အပြင် အသင်းနည်းပြ အပြောင်းအလဲ များပါ လုပ်ဆောင်ခဲ့ရပြီး မတည်ငြိမ်သည့် အခြေအနေများကြောင့် ရာသီအကုန်တွင် အသင်းမှထွက်ခွာဖွယ် ရှိနေကာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ သို့မဟုတ် မေဂျာလိဂ်ပြိုင်ပွဲမှ အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .