“ဘာစီလိုနာအသင်းက ရာဖင်ဟာ ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို”

15 Nov

ဘာစီလိုနာအသင်းက အဓိက ကစားသမား ရာဖင်ဟာ ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာဖင်ဟာ အနေနဲ့ ၂၀၂၂ ခုနှစ်က လိဒ်ယူနိုက်တက်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ် တို့တွင် ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေသော ကစားသမားစာရင်းတွင် ပါဝင်ရပ်တည်နိုင်ခဲ့ပါတယ်။ ရာဖင်ဟာ နဲ့ ဘာစီလိုနာအသင်းတို့ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီအကုန်တွင် သက်တမ်း ကုန်ဆုံးဖြစ်လို့ သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရာမှာ ၂၀၃၀ ပြည့်နှစ်အထိ ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။(NVS 008)

15 Nov

ADVERTISE HERE .