“အိပ်စင်တွဲဆိုင်းပါ ရန်ကုန်-ပုဂံရထားကို မကြာမှီပြေးဆွဲမည်”

15 Nov

ရန်ကုန်-ပုဂံလမ်းပိုင်းအတွက် အိပ်စင်တွဲဆိုင်းပါရထားကို မကြာမှီပြေးဆွဲပေးသွားမည်ဖြစ်ပြီး လိုက်ပါစီးနင်း မည့်သူများ မဖြစ်မနေသိထားသင့်သည့် စည်းကမ်းချက် ၄ ချက်ကို မြန်မာ့မီးရထား၏ ORTP Info ကအသိပေးထုတ်ပြန်ခဲ့ပါတယ်။ အခန်းအမျိုးအစားနှင့် လူဦးရေကန့်သတ်ချက်အဖြစ် မိသားစု(သို့)အဖွဲ့လိုက်ခရီးသွားများအတွက် ၄ ယောက် စာအိပ်ခန်းနှင့် ၂ ယောက်စာအိပ်ခန်းအဖြစ် ခွဲခြားထားကာ ၄ ယောက်ခန်းတွင် အများဆုံးလူ ၅ ဦးအထိသာ လက်ခံမည်ဖြစ်ပြီး ၂ ယောက်ခန်းတွင် အများဆုံးလူ ၃ ဦးအထိသာ လက်ခံမှာဖြစ်ပါတယ်။ လုံခြုံရေးနှင့် တာဝန်ယူမှုအရ အိပ်ခန်းတစ်ခုဝယ်ယူပါက အခန်းတွင်း လိုက်ပါမည့်သူများထဲတွင် လူကြီး ၁ ဦး မဖြစ်မနေပါဝင်ရန်လိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။ အသက်(၁၂)နှစ်အောက် ကလေးငယ်များအတွက်လည်း ရထားလက်မှတ်ကို မဖြစ်မနေဝယ်ယူရမှာဖြစ်ပြီး အသက်(၃)နှစ်အောက် ကလေးများအတွက် သီးသန့် ခုတင်/ခုံယူပါက သတ်မှတ်လက်မှတ်ခ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အိပ်စင်ခန်းများကို အဖွဲ့လိုက်/မိသားစုလိုက် သီးသန့်အနားယူလိုသူများအတွက် ရည်ရွယ်ထားခြင်းဖြစ်၍ လူအရေအတွက် မပြည့်သော်လည်း သီးသန့်အခန်းယူလိုပါက အခန်း၏ အခြေခံသတ်မှတ်ထားတဲ့ ခုတင်အရေအ တွက်အတိုင်း ကျသင့်မှာဖြစ်ပါတယ်။(NVS 004)

15 Nov

ADVERTISE HERE .