“ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကျင်းပ”
15 Nov
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းအောင်ပွဲအထိမ်းအမှတ် ရေစက်ချမင်္ဂလာကို နိုဝင်ဘာလ ၁၄ ရက်နံနက်ပိုင်းက ကျင်းပခဲ့ရာကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးတို့ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း များကိုပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ရွှေစင်ရွှေသား၊ ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ထားသည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ အလှူရှင် များ၊ ဧည့်ပရိသတ်များနှင့်အတူ သံဃာတော်အပါး ၉၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရပါတယ်။(NVS 004)