ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ
14 Nov
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ညတိုင်း အိပ်ချိန် ၁၁ နာရီ ထက် ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာ တွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက် အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ည ၁၁ ကနေ ၃ နာရီအတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ ချက်ချင်း မဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။ ညစဉ် အိပ်ချိန်နောက်ကျလေ့ရှိခြင်းက မှတ်ဉာဏ်စွမ်းအား ကျဆင်းခြင်းဖြစ်တတ်ပါတယ်။ ညအချိန်သည် ဦးနှောက်အနားယူပြီး မှတ်ဉာဏ်များကို ခိုင်မြဲအောင် ပြုလုပ်ပေးတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အိပ်စက်ချိန် လျော့နည်းသွားပါက ဉာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ထိခိုက်နိုင်ပြီး မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လုံလောက်စွာ အနားမယူနိုင်ခြင်းကြောင့် မနက်ခင်းတွင် ခေါင်းကိုက်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း (mental fog) နဲ့ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်မှု၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတို့ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ နောက်ပြီးတော့ ကိုယ်ခံအားစနစ်လည်း အားနည်းလာတတ်ပါတယ်။ ခန္ဓာကိုယ်စွမ်းအင်ကို လျော့နည်းစေပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးတဲ့ ပဋိပစ္စည်း (antibodies) ပမာဏကို ကျဆင်းစေတာကြောင့် အအေးမိခြင်း၊ တုပ်ကွေးနဲ့ အခြားရောဂါများ ကူးစက်ခံရနိုင်ခြေ ပိုမိုများပြားလာစေပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ အဓိက အရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန် အတွင်းမှာ လူတို့ စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေ နဲ့ မလိုအပ်တဲ့ အရာတွေကို စစ်ထုတ်ပေးနေရပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက် လျှော့နည်းစေပြီး အသည်းကို တစ်ဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်း မကောင်းတော့ရင် ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်တွေ ပုံမှန် မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်း တစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင်ကျန်တဲ့ အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ် မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါတွေ အပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။ အိပ်ပေးရမယ့် အချိန်မှာ အခြား ဘာပဲလုပ်လုပ် အဲ့ဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ (NVS 003)