“ဘင်ဖီကာအသင်း၏ ကြယ်ပွင့်ကစားသမား ပရက်စတီယန်နီ ကို ပစ်မှတ်ထားနေတဲ့ PSG အသင်း”
14 Nov
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် ဘင်ဖီကာအသင်း၏ အာဂျင်တီးနားကြယ်ပွင့် ပရက်စတီယန်နီ ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပရက်စတီယန်နီ က ဘင်ဖီကာအသင်းကို ၂၀၂၄ ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပရက်စတီယန်နီ က တောင်ပံတိုက်စစ်ကစားသမားဖြစ်ပြီး အာဂျင်တီးနားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ အီတလီသွေးနှောကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခဲ့ပြီး ၃ ပွဲကစားကာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။ ပရက်စတီယန်နီ ကို ဘင်ဖီကာအသင်းခေါ်ယူခဲ့စဉ်က ယူရိုသန်း ၁၀၀ တန် လျော်ကြေးထည့်သွင်းခဲ့ပြီး၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပရက်စတီယန်နီ က ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံတွင် ၁၂ ဂိုးသွင်းယူ နိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ပရက်စတီယန်နီ ကို PSG အသင်းအပြင် ဥရောပထိပ်သီးအသင်းများဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင်နယ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ (NVS 008)