“ပိုချက်တီနို ကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့တဲ့ မန်ယူအသင်း”
14 Nov
မန်ယူအသင်းက အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနို ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မန်ယူအသင်းက ပိုချက်တီနို ကို ၂ ရာသီခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိမှာဖြစ်ကြောင်း သိရပါတယ်။ ပိုချက်တီနို က အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ စပါး၊ PSG၊ ချဲလ်ဆီးနှင့် အမေရိကန်လက်ရွေးစင် အသင်းများကို ကိုယ်တွယ်ခဲ့ပြီး အရည်အသွေးရှိ နည်းပြတစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။ ပိုချက်တီနို က မန်ယူအသင်း၏ ခံစစ်ပြဿနာကို အဓိကပြင်ဆင်လိုနေပြီး လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့တွင် ကစားသမားသစ်များခေါ်ယူမည်ဖြစ်ကြောင်း သိရပါတယ်။ ပိုချက်တီနို က မန်ယူအသင်း နှင့်အတူ အောင်မြင်မှုများ ပြန်လည်ရယူလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 008)
14 Nov