“မန်ယူအသင်းမှ စာချုပ်သက်တမ်းတိုးမှုကို ငြင်းဆန်ခဲ့တဲ့ ဖာနန်ဒက်စ်”
14 Nov
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် က အသင်းမှ စာချုပ်သက်တမ်းတိုးရန် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ ဖာနန်ဒက်စ် ၏ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်တာကြောင့် မန်ယူအသင်းက စာချုပ် ကိစ္စအတွက် ပြီးခဲ့သည့်လများကတည်းက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နည်းပြသစ်အဖြစ် ပိုချက်တီနို ကို ခန့်အပ်ပြီးနောက် ဖာနန်ဒက်စ် ကို အသင်းတွင် ဆက်ရှိနေရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မန်ယူအသင်းအနေနဲ့ မျှော်လင့်ထားပါတယ်။ မန်ယူအသင်းအနေနဲ့ ဇန်နဝါရီလမတိုင်မီ ဖာနန်ဒက်စ် ကို စာချုပ်သစ်မချုပ်ဆိုနိုင်ပါက လက်ရှိစာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အချိန်မီ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ၁၃ ပွဲကစား ခြောက်ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)
14 Nov