“အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများ ထုတ်ပြန်”
14 Nov
အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများဖြစ်တဲ့ ကစားသမားဆုကို နီကိုးလက်စ် ဂျက်ဆင်(အက်စတွန်ဗီလာ)၊ နည်းပြဆုကို ဒီဇယ်ဘီ(စပါး)၊ သွင်းဂိုးဆုကို ဒီယေဂိုဂိုးမက်ဇ်(ဘရိုက်တန်)၊ ကာကွယ်မှု ဆုကို ပန်ဒါစ်(ချဲလ်ဆီး)နဲ့ Creative Moment ဆုကို ဝီလျံစ်ဘားနက်(စပါး)တို့က ဆွတ်ခူးခဲ့ပါတယ်။ ဂျက်ဆင် က အောက်တိုဘာလအတွင်းကစားတဲ့ လေးပွဲမှာ လေးဂိုးသွင်းပြီး ယင်းဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဗီလာကစားသမားများထဲမှာ ၂၀၁၅ ဧပြီလက ဘန်တီကီ ဆွတ်ခူးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ဆီနီဂေါကစားသမားများထဲမှာ စတုတ္ထမြောက် ဖြစ်ခဲ့ပါတယ်။ နည်းပြဆုကို ပထမဆုံး အကြိမ်ရရှိတဲ့ ဒီဇယ်ဘီ က အောက်တိုဘာအတွင်း လေးပွဲမှာ စပါးအသင်းကို သုံးပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တန်းဆင်းဇုန်မှ လွတ်မြောက်စေခဲ့ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုးဆု နောက်ဆုံးလေးကြိမ် အနက် ဘရိုက်တန်ကစားသမားများက သုံးကြိမ်ဆက် ရရှိပြီး နှစ်လဆက် ဆွတ်ခူးခြင်းဖြစ်ပါတယ်။ (NVS 008)