“အီဂျစ်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ မိုဟာမက် ဆာလာ”

14 Nov

အီဂျစ်တိုက်စစ်ကစားသမား ဆာလာ က မာလာဝီအသင်းကို ၅ ဂိုးပြတ်နှင့် အနိုင်ရတဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ ဆာလာ က အီဂျစ်အသင်းအတွက် ဂိုး ၇၀ အထိ ရှိလာပြီး အသင်းခေါင်းဆောင်ဟောင်း ဟိုဆမ်ဟာဆန် ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ခဲ့ပါတယ်။ ဆာလာ အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အီဂျစ်အသင်းနှင့် ပွဲဦးထွက်ခဲ့ပြီး နိုင်ငံတကာ ပွဲပေါင်း ၁၂၃ ပွဲ ကစားထားခဲ့ပါတယ်။ လက်ရှိ တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းနှင့်အတူ ယခုရာသီ လိဂ်ပွဲ ၁၁ ပွဲတွင် ကိုးဂိုး သွင်းယူထားကြောင်း သိရပါတယ်။၊ တူရကီစူပါလိဂ်သမိုင်းတွင် အချက်အလက်စတင်ပြုစုသည့် ၂၀၁၄-၁၅ ရာသီကတည်းက ပထမဆုံးလိဂ်ပွဲ ခုနစ်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနှင့်ဂိုးဖန်တီးမှု) ၁၀ ဂိုးပြည့်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

14 Nov

ADVERTISE HERE .