“ချင်းပြည်နယ် တွန်းဇံနှင့် ဖလမ်းမြို့တို့မှာ ၂၀၂၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်”

14 Nov

၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်းရှိ တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုဝင်ဘာလ ၁၂ ရက်မှာ ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေးမှာ အဓိကကျကြောင်း၊ ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းမှာ ပါဝင်စေရန်နှင့် လိုအပ်မည့် ရန်ပုံငွေများကို ကြိုတင်တွက်ချက်ထားရန်လည်း တိုက်တွန်းမှာကြားခဲ့ပါတယ်။ အစည်းအဝေးမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်စိုးနိုင်က ရွေးကောက်ပွဲအကြို ပြင်ဆင်မှု များကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်အရ မဲစာရင်း လစဉ်စိစစ်ခြင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ခြင်းနှင့် မဲရုံအဖွဲ့ခွဲများ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အီလက်ထရောနစ်မဲပေးစက် လိုအပ်ချက်နှင့် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ကော်မရှင်အဖွဲ့ဝင်များက လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုကို လိုက်လံစစ်ဆေးခဲ့ကြပါတယ်။ (NVS 008)

14 Nov

ADVERTISE HERE .