“ရေစူးကန့်သတ်ချက်များကို သတ်မှတ်ထုတ်ပြန်”

14 Nov

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၂၀၂၇ ခုနှစ်၊ မေလ ၁၅ ရက်အထိ ရေနည်းကာလအဖြစ် သတ်မှတ်ထား တဲ့အတွက် ပြည်တွင်းရေလမ်းများမှာ ရေယာဉ်များ ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးအတွက် မြစ်ကြောင်းအလိုက် ရေယာဉ်များ၏ ဝန်တင်ရေစူးကန့်သတ်ချက်များကို သတ်မှတ်ထုတ်ပြန်ထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါကန့်သတ်ချက်များက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အပါအဝင် ပြည်တွင်းရေလမ်းကြောင်းများရှိ ရေကြောင်းနယ်မြေအလိုက် သတ်မှတ်ထားခြင်းဖြစ်ပြီး ရေယာဉ်များအနေနဲ့ သတ်မှတ်ထားတဲ့ ဝန်တင်ရေစူးပမာဏ ထက် ကျော်လွန်တင်ဆောင်ခြင်းမပြုရန် လိုအပ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရေယာဉ်များအနေနဲ့ သတ်မှတ်ထားတဲ့ ရေလမ်းကြောင်းများအတိုင်းသာ လိုက်နာခုတ်မောင်းသွား လာကြရန်နှင့် ရေနည်းကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရေလမ်းအခက်အခဲများကို ကြိုတင်သတိပြုကြရန်လည်း တိုက်တွန်းထားပါတယ်။ ပြည်တွင်းရေလမ်းများတွင် ရေယာဉ်များအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ ရေလမ်းခရီးစဉ်များ ချောမွေ့ စေရေးနှင့် ရေလမ်းအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ယခုကဲ့သို့ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်မှူးများနှင့် ရေလမ်းအသုံးပြုသူများအနေနဲ့ သတ်မှတ်ထားတဲ့ ဝန်တင်ရေစူး ကန့်သတ်ချက်များနှင့် ရေလမ်းညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း အသိပေးနှိုးဆော်ထား ပါတယ်။ (NVS 008)

14 Nov

ADVERTISE HERE .