“ညောင်လေးပင်နှင့် ဒိုက်ဦးတို့ရှိ မသန်စွမ်းသူများအတွက် မှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ကြေးများ ပေးအပ်”

14 Nov

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့ရှိ မသန်စွမ်းသူ ၁,၁၅၅ ဦးအတွက် မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးများကို နိုဝင်ဘာလ ၁၃ ရက်က ပေးအပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ မသန်စွမ်းသူ စုစုပေါင်း ၁,၁၅၅ ဦးအတွက် မှတ်ပုံတင်လက်မှတ်များနှင့် ထောက်ပံ့ ကြေးအဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းနဲ့ စုစုပေါင်းငွေကျပ် ၃၄,၆၅၀,၀၀၀ ကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် က ဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း အဆိုပါ မြို့နယ်နှစ်ခု၌ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အားလုံးအကျုံးဝင် ပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်း(All Inclusive Society)ဖြစ်စေရေး ဆောင်ရွက်ရာမှာ မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး (Leave No One Behind)မူနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို မြို့နယ်ပေါင်း ၃၉ မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူ ၁၅,၀၇၇ ဦးအား မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

14 Nov

ADVERTISE HERE .