“အင်္ဂလန်အသင်းမှ ထွက်ခွာဖို့မရှိသေးကြောင်း ပြောကြားခဲ့တဲ့ တူချယ်”
13 Nov
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ်ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ နည်းပြတူချယ်က ပြောကြားခဲ့ ပါတယ်။ နောင်တစ်ချိန်မှာ ကလပ်အသင်းနည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်မှာဖြစ်ပေမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲ မတိုင်ခင် အထိ အင်္ဂလန်အသင်းမှာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ နည်းပြ တူချယ်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ် ဟာ နိုင်ငံလက်ရွေးစင် အသင်းနည်းပြ ရာထူးကို ပထမဆုံးအကြိမ် တာဝန်ယူမှုအဖြစ် ပြီးခဲ့တဲ့နှစ်က အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြရာထူးကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီက အင်္ဂလန်အသင်းနဲ့ စာချုပ်ကို ၂ နှစ်သက်တမ်းထပ်တိုးခဲ့တဲ့ တူချယ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို တတိယနေရာရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ စာချုပ်သစ်ကြောင့် တူချယ် ဟာ အင်္ဂလန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲအထိ အင်္ဂလန်အသင်းကို ဦးဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူအသင်းရဲ့နည်းပြရာထူး အလှုပ်အခတ်တွေနဲ့အတူ နည်းပြတူချယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေလည်း ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တူချယ် က အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဆန္ဒရှိသလို စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် ယူရိုပြိုင်ပွဲမတိုင်ခင် အင်္ဂလန်အသင်းကနေ ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ (NVS 008)