“၂၀၂၇ ခုနှစ်မှာ တင်းနစ်ပြန်ကစားရန် ပစ်မှတ်ထားနေတဲ့ တူနီးရှားတင်းနစ်မယ် အွန်ဂျာဘာ”

13 Nov

ပြီးခဲ့တဲ့ဧပြီလက ကလေးမွေးဖွားပြီးနောက်ပိုင်း အနားယူနေခဲ့တဲ့ တူနီးရှားတင်းနစ်မယ် အွန်ဂျာဘာ ဟာ လာမယ့် ၂၀၂၇ ခုနှစ်ထဲမှာ ပရိုတင်းနစ်ပြိုင်ပွဲတွေကို ပြန်လည်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပစ်မှတ်ထားနေပါတယ်။ ဂျာဘာ ဟာ ပြီးခဲ့တဲ့နှစ်ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ဒဏ်ရာနဲ့ ပင်ပန်းနွမ်းနယ်မှု တွေကို အကြောင်းပြပြီးနောက် တင်းနစ်ကစားတာကနေ ခေတ္တအနားယူခဲ့ပြီးနောက်ပိုင်းမှာ ကိုယ်ဝန်ရှိနေတာ ကြောင့် ပြိုင်ပွဲတွေပါဝင်ယှဉ်ပြိုင်မှုကနေပါ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂျာဘာက ကလေးမွေးပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်ပုံစံက အပြောင်းအလဲလေး တွေရှိခဲ့ ပေမယ့် နောက်ထပ် နှစ်အနည်းငယ်လောက်အထိ တင်းနစ်ကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာဘာ ဟာ WTA ချန်ပီယံဆု ၅ ခု ရရှိထားသလို ၂၀၂၂ ခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဂရင်းစလမ်ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး အာရပ်အမျိုးသမီး တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .