“ဂွါဒီယိုလာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေတဲ့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်”
13 Nov
အမေရိကန်ဘောလုံးအဖွဲ့ချုပ်က မန်စီးတီးနည်းပြဟောင်း ဂွါဒီယိုလာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အမေရိကန်လက်ရွေးစင်အသင်း၏ လက်ရှိနည်းပြ ပိုချက်တီနို က မန်ယူအသင်းကို ပြောင်းလဲကိုင်တွယ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဂွါဒီယိုလာ ကို ပစ်မှတ်ထားလာခြင်း ဖြစ်ပါတယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဂွါဒီယိုလာ ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ယခင်က တည်းက ရည်မှန်းခဲ့ဖူးပြီး လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေတဲ့အတွက် ပိုချက်တီနို နဲ့သာ လမ်းခွဲခဲ့ရပါက ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းများမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဂွါဒီယိုလာ ကလည်း အနာဂတ်တွင် လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီကာလအတွင်း အီတလီလက်ရွေးစင်အသင်းအား ကိုင်တွယ်ရန် ကမ်းလှမ်းမှုကိုမူ ငြင်းပယ်ထားခဲ့ပါတယ်။ (NVS 008)