“နည်းပြ မိုက်ကယ်ကာရစ် ကို ထုတ်ပယ်လိုက်တဲ့ မန်ယူအသင်း”

13 Nov

မန်ယူအသင်းက နည်းပြ ကာရစ် ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်က အသိပေးကြေညာခဲ့ပါတယ်။ ကာရစ် က မန်ယူအသင်းအတွက် ယာယီနည်းပြအဖြစ် တာဝန်ယူစဥ် ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပေမယ့် ယခုရာသီတွင်မူ ပြိုင်ပွဲစုံ ၁၅ ပွဲ၌ နိုင်ပွဲ ၃ ပွဲသာ ရရှိပြီး ပရီးမီးယားလိဂ်တွင် တန်းဆင်းဇုန်အတွင်း ကျရောက်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းက ကာရစ် နေရာမှာ အစားထိုးရန်အတွက် အမေရိကန်လက်ရွေးစင်နည်းပြ ပိုချက်တီနို ကို နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .