“အင်္ဂလန်အသင်းရဲ့ ပွဲအများဆုံးဖြစ်လာတဲ့ ဟာရီကိန်း”

13 Nov

အင်္ဂလန်အသင်းသမိုင်းမှာ ပွဲအများဆုံးဖြစ်လာတဲ့ တိုက်စစ်မှူး ဟာရီကိန်း ကို ခရိုအေးရှားကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမတိုင်ခင် ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။ ဟာရီကိန်း ဟာ ဂန္ထဝင်ဂိုးသမား ပီတာရှယ်လ်တန် ၁၂၅ ပွဲကို ကျော်ဖြတ်ပြီး ၁၂၆ ပွဲနဲ့ မှတ်တမ်းသစ် ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဗြိတိန်အိမ်ရှေ့မင်းသား ဝီလျံ နဲ့ ဂိုးသမားဟောင်း ပီတာရှယ်လ်တန် တို့က ဟာရီကိန်း ကို ဂုဏ်ပြုမှတ်တမ်းနဲ့ အမှတ်တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။ စပါးအသင်းဖော်ဟောင်းနဲ့ ခရိုအေးရှားအသင်း ခေါင်းဆောင်ဖြစ်သူ မိုဒရစ် ကလည်း ဟာရီကိန်း ကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ ဟာရီကိန်း အနေနဲ့ အခု ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို ပယ်နယ်တီကနေ သွင်းယူပေးခဲ့ပြီး နိုင်ငံအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၉၂ ဂိုး အထိ ရှိလာခဲ့ပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .