“ဖျာပုံမြို့နယ်မှာ ၁၄၀ ပေအရှည်နှင့် ၆၆ ပေအရှည်ရှိ တံတား ၂ စင်း တည်ဆောက်နေ”
13 Nov
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ ၁၄၀ ပေအရှည်နှင့် ၆၆ ပေအရှည်ရှိ တံတား ၂ စင်းကို တံတားဦးစီးဌာနမှ တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ ကျုံကဒွန်း-စက်ဆန်းသွားကားလမ်းပေါ်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူး အဖွဲ့(၁၅) မှ ၆၆ ပေအရှည်ရှိ ငါးဂွတံတားနှင့် ကျုံကဒွန်း(ကမာပို)-ဘုန်းကြီးသောင်သွားကားလမ်းပေါ်ရှိ အရှည် ၁၄၀ ပေရှိ မယ်လေးရိုးတံတားတို့ကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါတံတား ၂ စင်းတည်ဆောက်နေမှုကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် က နိုဝင်ဘာလ ၁၁ ရက်မှာကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားများက ဒေသတွင်းကျေးရွာများကြား ဆက်သွယ်သွားလာရေး၊ ကုန်စည် စီးဆင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံများဖြစ်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီခိုင်ခံ့စွာတည်ဆောက်ရန်မှာကြားခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးစီမံဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျကြီးကြပ်စစ်ဆေးရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်အရည်အသွေး ကို အလေးထားဆောင်ရွက်ရန်လည်း မှာကြားခဲ့ပါတယ်။ (NVS 008)