“မြန်မာ-ဘရာဇီး နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့်ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး”
13 Nov
မြန်မာ-ဘရာဇီး နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ် ရေးရာအတွင်းဝန်(ဒုတိယဝန်ကြီးအဆင့်) သံအမတ်ကြီး မစ္စစ် ဆူဇန်ကလီဘန့် တို့ဆွေးနွေးခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦး ဦးဆောင်၍ နိုဝင်ဘာလ ၁၁ ရက်က မြန်မာ-ဘရာဇီးနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား (၅)ကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲအဖြစ် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ မြန်မာ-ဘရာဇီး နှစ်နိုင်ငံကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုများ၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် ကောင်စစ်ရေးရာတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အဆင့် တိုင်းမှာ ထိတွေ့ဆက်ဆံမှုများကိုပိုမိုပြုလုပ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့မှာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုနက်ရှိုင်းစေရေးတို့ကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြပါတယ်။ (NVS 008)