“တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွက် အထူးအစီအစဉ်နဲ့ ရထားများ တိုးချဲ့ပြေးဆွဲပေးမည်”

13 Nov

လာမည့် တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည် လမ်းပိုင်းများမှာ အထူးအစီအစဉ်နဲ့ ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ အဆိုပါ တိုးချဲ့ခရီးစဉ်များကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အထိ DEMU ရထားများ၊ လေအိတ် ရထားများနှင့် အမြန်ရထားများဖြင့် အားဖြည့်ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်တွင် ရန်ကုန် - မော်လမြိုင်လမ်းပိုင်းတွင်(မော်လမြိုင်အဆန်အထူး)၊ နိုဝင်ဘာလ ၂၁ ရက်တွင် ရန်ကုန် - နေပြည်တော် လမ်းပိုင်း (နေပြည်တော် အဆန်အထူး)၊ နေပြည်တော် - ရန်ကုန်လမ်းပိုင်း(နေပြည်တော် အစုန်အထူး)၊ ရန်ကုန် - ပြည်လမ်းပိုင်း (ပြည်အဆန်အထူး)၊ ပြည် - ရန်ကုန်လမ်းပိုင်း (ပြည်အစုန်အထူး)၊ ရန်ကုန် - မော်လမြိုင်လမ်းပိုင်း (မော်လမြိုင် အဆန်အထူး)နှင့် မော်လမြိုင် - ရန်ကုန်လမ်းပိုင်း (မော်လမြိုင်အစုန်အထူး)ရထားများပြေးဆွဲသွားပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်တွင် ရန်ကုန် - နေပြည်တော်လမ်းပိုင်း(နေပြည်တော်အဆန်အထူး)၊ နေပြည်တော် - ရန်ကုန်လမ်းပိုင်း (နေပြည်တော် အစုန်အထူး)၊ ရန်ကုန် - ပြည်လမ်းပိုင်း(ပြည်အဆန်အထူး)၊ ပြည် - ရန်ကုန်လမ်းပိုင်း (ပြည်အစုန်အထူး)၊ ရန်ကုန် - မော်လမြိုင်လမ်းပိုင်း(မော်လမြိုင်အဆန်အထူး)၊ မော်လမြိုင်- ရန်ကုန်လမ်းပိုင်း (မော်လမြိုင် အစုန်အထူး)နှင့် နိုဝင်ဘာလ ၂၅ ရက်တွင် မော်လမြိုင် - ရန်ကုန်လမ်းပိုင်း (မော်လမြိုင်အစုန်အထူး) ရထားများ ပြေးဆွဲမည်ဖြစ်ပါတယ်။ ခရီးသွားလာသူ များပြားတဲ့ ကာလဖြစ်တာကြောင့် ထပ်တိုးထားတဲ့ ခုံနေရာများအတွက် လက်မှတ်များကို အွန်လိုင်းရထားလက်မှတ်စနစ် (ORTP) မှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း၊ လက်မှတ်ဝယ်ယူရာတွင် မိမိခရီးသွားလိုသည့် နေ့ရက်မှားယွင်းမှု မရှိစေရန် ဂရုတစိုက် စိစစ်ဝယ်ယူကြရန်နှင့် အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 1188 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .