“ယုဇနနှင့်ကျန်စစ်မင်းအိမ်ရာမှ အခန်းများ ဝယ်ယူခွင့်ရှိသူများ စာရင်းပေးသွင်းရန်ကြေညာ”

13 Nov

ယုဇနနှင့် ကျန်စစ်မင်းအိမ်ရာမှ အခန်း ၂၀၀ ကို ဝယ်ယူခွင့်ရရှိသူများ နိုဝင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အတွင်း စာရင်းပေးသွင်းရန် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)က အသိပေး ကြေညာထားပါတယ်။ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အိမ်ရာစုဆောင်းငွေကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူ ၂,၄၉၆ ဦးကို ယုဇနနှင့် ကျန်စစ်မင်းအိမ်ရာ စီမံကိန်းရှိ အခန်း ၂၀၀ ကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေအစီအစဉ်နဲ့ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့ပါတယ်။ ရောင်းချမည့်အိမ်ရာစီမံကိန်းများမှာ ယုဇနအိမ်ရာစီမံကိန်းအပိုင်း(၃)ရှိ ၈ ခန်းတွဲ ၅ ထပ် တိုက် ၃ လုံး၊ အခန်း ၁၂၀ ခန်းနှင့် ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)ရှိ ၁၂ ခန်းတွဲ ၅ ထပ်တိုက် ၂ လုံး၊ အခန်း၈၀ခန်းတို့ ဖြစ်ပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .