“ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုမှ နယ်/လုံဝန်ကြီးများ အစားထိုးခန့်အပ်”

13 Nov

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုမှ အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများကို အစားထိုးခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၈၈/၂၀၂၆ နဲ့ နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ဝင်းတင့် အစား ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ကယားပြည်နယ် နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသန်းစိုးအောင် အစား ဗိုလ်မှူးကြီးနောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဝင်းတင်စိုး အစား ဗိုလ်မှူးကြီးမင်းသိန်း၊ မကွေးတိုင်းဒေသ ကြီး နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမိုးမင်းသိန်း အစား ဗိုလ်မှူးကြီးနိုင်ဇင်ထွန်း တို့ကိုခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်စွာမြင့်အစား ဗိုလ်မှူးကြီးရဲထွဋ်၊ ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်သူရ အစား ဗိုလ်မှူးကြီးဇော်လင်းထွန်း၊ ရှမ်းပြည်နယ်နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိန်ဝင်းအစား ဗိုလ်မှူးကြီးကျော်မျိုးမင်းလတ် တို့ကိုခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .