“မြန်မာနိုင်ငံတော်သမ္မတထံ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်က လာရောက်ဂါရဝပြုတွေ့ဆုံ”

13 Nov

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နေပြည်တော်သို့ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow က နိုဝင်ဘာလ ၁၂ ရက်မှာ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်မှာ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့်ဘေးကင်းလုံခြုံရေး အတွက် နှစ်နိုင်ငံသက်ဆိုင်ရာဥပဒေများနှင့်အညီ အကာအကွယ်ပေးရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .