ကုန်ဈေးနှုန်းသတင်း ၁၂.၁၁.၂၀၂၆

12 Nov

နိုဝင်ဘာလ ၁၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီဈေးကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ အာလူး၊ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်‌နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၄,၅၁၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၂,၆၄၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၅,၈၃၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၆,၉၀၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၇၇၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၁,၈၂၅ ကျပ်ကနေ ၁၄,၁၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၆၉၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၈၆၀ ကျပ်ကနေ ၁,၈၈၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၃၃၀ ကျပ်ကနေ ၆,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၉,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၇,၂၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာ ကို ၄,၅၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၄,၃၅၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေ ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၉၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၇၈၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၃၀ ကျပ်၊ မန္တလေးမှာ ၄,၆၈၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၃၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၅၅၀ ကျပ်၊ မန္တလေး မှာ ၄,၇၀၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၅၅၅ ကျပ်၊ မန္တလေးမှာ ၄,၇၀၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၅၂၀ ကျပ်၊ မန္တလေးမှာ ၅,၆၇၅ ကျပ်၊ နေပြည်တော်မှာ ၅,၆၂၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ကျပ်ငွေ (၇,၁၀၀,၀၀၀ိ/-) သိန်းခုနစ်ဆယ် တစ်သိန်း ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၃၃၀,၀၀၀ိ/-) တစ်ရာ သုံးသိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

12 Nov

ADVERTISE HERE .