“ပိုချက်တီနို နှင့် မန်ယူအသင်း သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်”
12 Nov
မန်ယူအသင်းက နည်းပြ ကာရစ် နေရာ အစားထိုးခန့်အပ်ရန်အတွက် လက်ရှိအမေရိကန်လက်ရွေးစင်နည်းပြ ပိုချက်တီနို နှင့် ဆွေးနွေးနေပြီဖြစ်ပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်း တာဝန်ရှိသူများနှင့် ပိုချက်တီနို၏ ကိုယ်စားလှယ်များ ဆွေးနွေးနေခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက်အလက်များအတွက် ဆွေးနွေးသည့်အဆင့် ရောက်ရှိနေပြီဖြစ်ပါတယ်။ မန်ယူအသင်းက အမေရိကန်လက်ရွေးစင်နည်းပြအဖြစ် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ပိုချက်တီနို ကို ခေါ်ယူနိုင်ခဲ့ပါက လျော်ကြေး ဒေါ်လာ ၁၀ သန်းဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းက လက်ရှိနည်းပြ ကာရစ် ကို ရာထူးမှထုတ်ပယ်ရန် စီစဉ်နေပြီဖြစ်ပေမယ့် ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးဘဲ ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ် ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်နေရခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
12 Nov