“လင်ဒီလော့ဖ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ အက်စတွန်ဗီလာအသင်း”
12 Nov
အက်စတွန်ဗီလာအသင်းက နောက်ခံကစားသမား လင်ဒီလော့ဖ် ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ လင်ဒီလော့ဖ် က ၂၀၂၅ နွေရာသီမှာ မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အက်စတွန် ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပါတယ်။ လင်ဒီလော့ဖ် က ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာ ပြဿနာကြောင့် ပြိုင်ပွဲစုံ ၂၈ ပွဲသာ ကစားခဲ့ရပေမယ့် ယခုရာသီမှာပြိုင်ပွဲစုံ ၁၅ ပွဲကစားကာ ခြေစွမ်းပြလျက်ရှိပါတယ်။ ဒါကြောင့် အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လင်ဒီလော့ဖ် ကို အက်စတွန်ဗီလာအသင်းက ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)
12 Nov