“အပြောင်းအရွှေ့သတင်းများကို ငြင်းဆန်ခဲ့တဲ့ ဇူဘီမန်ဒီ”

12 Nov

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ က ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း ငြင်းဆန်ပြောကြားခဲ့ပါတယ်။ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ က ၂၀၂၅ နွေရာသီမှာ ဆိုစီဒက်အသင်းမှ အာဆင်နယ်အသင်းသို့ ယူရို ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြရပ်တည် နိုင်ခဲ့ပါတယ်။ ယခုရာသီမှာ ပွဲကစားခွင့်ရရှိရန် ရုန်းကန်နေရတဲ့အတွက် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး လာမည့်ဇန်နဝါရီလအပြောင်းအရွှေ့မှာ အက်သလက်တီကို သို့မဟုတ် ချဲလ်ဆီးသို့ ပြောင်းရွှေ့လိမ့်မည်ဟု ထင်ကြေးပေးမှုများလည်း ရှိလာခဲ့ပါတယ်။ ဇူဘီမန်ဒီ က ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့် တစ်ကြိမ်မျှ မရရှိသေးကြောင်းလည်း သိရပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .