“တံကောက်ကြောဒဏ်ရာကြောင့် အီတလီအသင်းနှင့်ပွဲကို အမ်ဘာပေ လွဲချော်မည်”
12 Nov
ပြင်သစ်နည်းပြ ဇီဒန်း က တိုက်စစ်မှူး အမ်ဘာပေ တံကောက်ကြောဒဏ်ရာကြောင့် အီတလီနှင့် ယှဉ်ပြိုင်ရမည့် Nations League ပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အမ်ဘာပေ ဟာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် ဇီဒန်း က အီတလီအသင်း နှင့်ပွဲမှာ စွန့်စားအသုံးမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ပြင်သစ်အသင်းက Nations League ပြိုင်ပွဲမှာ Group(1) ၌ အီတလီ၊ ဘယ်လ်ဂျီယံ၊ တူရကီတို့နှင့်အတူ ကျရောက်နေပြီး အီတလီနှင့် အဝေးကွင်းပွဲ၊ တူရကီနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပြင်သစ်အသင်းက ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်ရရှိထားတဲ့အတွက် ကွာတားဖိုင်နယ်သို့ တက်ရောက် နိုင်ရန် နီးစပ်နေပြီဖြစ်ပါတယ်။ (NVS 008)
12 Nov