“အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံရတဲ့ ဂျိမ်းစ်ဟေးလ်”
12 Nov
ဘုန်းမောက်နောက်ခံလူ ဂျိမ်းစ်ဟေးလ် က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံ ခဲ့ရကြောင်း သိရပါတယ်။ အင်္ဂလန်နည်းပြ တူချယ် က ယခုတစ်ပတ်ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်နှစ်ပွဲအတွက် ကစားသမား ၂၆ ဦး ရွေးချယ်ခဲ့ရာ ဂျိမ်းစ်ဟေးလ် ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံလူ ကွန်ဆာ မှာ ဒူးဒဏ်ရာကြောင့် ခရိုအေးရှားအသင်းနှင့်ပွဲကို လွဲချော်မည်ဖြစ်ပြီး စပိန်အသင်းနှင့်ပွဲမှသာ ပြန်ကစားနိုင်ဖွယ် ရှိတဲ့အတွက် ဂျိမ်းစ်ဟေးလ် ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ဂျိမ်းစ်ဟေးလ် က ယခုရာသီမှာ ဘုန်းမောက်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရရှိထားသူဖြစ်ပါတယ်။ ဂျိမ်းစ်ဟေးလ် က ၂၀၂၂ ဇန်နဝါရီလမှာ ဖလိဝုဒ်အသင်းမှ ဘုန်းမောက်အသင်းသို့ ပေါင် ၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာမူ စျေးကွက်တန်ဖိုး ပေါင် ၃၅ သန်း ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)