“ရန်ကုန်မြို့မှာ တရားမဝင်ရေဆက်သွယ်သုံးစွဲပါက ငါးသိန်းအထိ ငွေဒဏ်ချမှတ်မည်”

12 Nov

ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်၍ ရေခိုးသွယ်ယူခြင်းနှင့် တရားမဝင် ရေဆက်သွယ် အသုံးပြုခြင်းများပြုလုပ်ပါက ငွေဒဏ်ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အသိပေးကြေညာခဲ့ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ နေအိမ်အတွင်း ဆက်သွယ်ယူခြင်း၊ ဆင့်ပွားပိုက် တပ်ဆင်ခြင်းနှင့် မော်တာ သို့မဟုတ် တုံကင်သုံး၍ ရေရယူခြင်းများကို တားမြစ်ထားပါတယ်။ မူလတပ်ဆင်ထားတဲ့ ရေနှင့်သန့်ရှင်းမှု ဆိုင်ရာပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်းနှင့် တိုးချဲ့ခြင်းများ မပြုလုပ်ရန်လည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၃၆ (ဂ) အရ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ်ကျခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေပေးဝေရေးစနစ်မှ တစ်ဆင့်ရေရယူသုံးစွဲလိုပါက YCDC ၏ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အိမ်ရေဆက်သွယ်ခွင့်လျှောက်လွှာနဲ့ဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်ရေဖြန့်ဖြူးရေးရုံးများမှာဖြစ်စေ တရားဝင်လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .