“ရှမ်းပြည်နယ်တောင်ပိုင်းမှာ စံချိန်တင်မိုးရွာသွန်းမှုကြောင့်ဒေသခံများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားရ”
12 Nov
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော၊ အောင်ပန်းနှင့် ရွှေညောင်မြို့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရွှေညောင်မြို့နယ်အတွင်းရှိ ရေဝင်နေသည့်နေအိမ်များမှ ပြည်သူအချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ကော်မတီထံမှ သိရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်မှာ တာယောရပ်ကွက် အနိမ့်ပိုင်းရှိ ရေဝင်နေတဲ့နေအိမ်များမှ ပြည်သူအချို့ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီ၏ ရေပြင်ကယ်ဆယ်ရေးအဖွဲ့က ရေလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ချက်အရ မိုးလေဝသတိုင်းထွာချက်များအရ မာန်အောင်မြို့နှင့် တောင်ကြီးမြို့တို့၌ နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးမိုးရေချိန် စံချိန်သစ်များ စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရပါတယ်။ ထုတ်ပြန်ချက်အရ မာန်အောင်မြို့မှာ မိုးရေချိန် ၁၆၁ မီလီမီတာ (၆.၃၄ လက်မ) ရွာသွန်းခဲ့သဖြင့် ၅၃ နှစ်အတွင်း အမြင့်ဆုံး စံချိန်သစ် တင်ခဲ့ပြီး တောင်ကြီးမြို့မှာလည်း မိုးရေချိန် ၁၀၃ မီလီမီတာ (၄ ဒသမ ၀၅ လက်မ)ထိ ရွာသွန်းခဲ့ပြီး ၅၂ နှစ်အတွင်း စံချိန်သစ် ရွာသွန်းခဲ့ပါတယ်။ (NVS 008)