“အရေးယူထားရှိတဲ့ အထွေထွေလူသုံးကုန်ပစ္စည်းများကို လေလံတင်ရောင်းချမည်”

12 Nov

တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော အထွေထွေလူသုံးကုန်ပစ္စည်းများကို နိုဝင်ဘာလ ၂၆ ရက်မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမှာဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားပါတယ်။ အဆိုပါလေလံတင်ရောင်းချခြင်းကို နိုဝင်ဘာလ ၂၆ ရက်၊ မနက်၁၀ နာရီမှာ စတင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန်(ကုန်လှောင်ရုံ)၌ ကျင်းပသွားမယ်လို့ သိရပါတယ်။ လေလံပုံစံများကို နိုဝင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ လေလံစည်းကမ်းချက်များနှင့် လေလံပစ္စည်းစာရင်း ပူးတွဲလျက် တစ်စုံလျှင်ကျပ်(၁၀၀၀၀/-)(ကျပ်တစ်သောင်းတိတိ)နှုန်းနဲ့ ရောင်းချခြင်းနှင့် အာမခံစပေါ်ငွေပေးသွင်း ခြင်းကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၅ ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရောင်းချမည့်ပစ္စည်းများကို အာမခံစပေါ်ငွေပေးသွင်းသူများကိုသာ နိုဝင်ဘာလ ၁၇ ရက်မှ ၂၅ ရက်အထိ ပြသမည်ဖြစ်ပြီး ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ၊ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(KM)မှာ ပြသမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .