“မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေး”
12 Nov
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur တို့က နိုဝင်ဘာလ ၁၁ ရက်တွင် အိန္ဒိယသံရုံးထံ၌ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံခဲ့ပွဲသို့ အိန္ဒိယ-မြန်မာ ကုန်သည်စက်မှုအသင်း၊ ပင်လယ်ရပ်ခြားစိုက်ပျိုးရေးကုန်သည်များအသင်း၊ မြန်မာ-အိန္ဒိယ စီးပွားရေးကောင်စီနှင့်အိန္ဒိယဆမားဂျ် (India Samaj) တို့မှအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံစဥ် စိုက်ပျိုးရေး၊ မျိုးစေ့၊ ဆေးဝါး၊ လျှပ်စစ်ဓာတ်အား၊ နေရောင်ခြည်စွမ်းအင်၊ ပညာရေးနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများအပါအဝင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါ့အပြင် အိန္ဒိယသံအမတ်ကြီးက ဇေယျဝတီ၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်တို့အပါအဝင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အိန္ဒိယနွယ်ဖွားများ၏ လူဦးရေဆိုင်ရာကဏ္ဍက နှစ်နိုင်ငံကြားအရေးပါသော ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)