“ရန်ကုန်-ပုဂံ ရထားလက်မှတ်များကို မကြာမီအွန်လိုင်းစနစ်နဲ့ ရောင်းချပေးမည်”

12 Nov

ရန်ကုန်-ပုဂံ-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေတဲ့ အမှတ် (၆၁) အဆန်နှင့် အမှတ် (၆၂) အစုန် ရထားလက်မှတ်များကို မကြာမီအွန်လိုင်းစနစ်ဖြင့် ပြောင်းလဲရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရပါတယ်။ အဆိုပါရထားခရီးစဉ်အတွက် လက်မှတ်များကို ရန်ကုန်ဘူတာကြီးနှင့် ပုဂံဘူတာတို့မှာ လူကိုယ်တိုင် သွားရောက်ဝယ်ယူရပြီး ရိုးရိုးတန်းလက်မှတ်များကို ခရီးစဉ်မတိုင်မီ တစ်ရက်ကြိုတင်၍လည်းကောင်း၊ အထက်တန်း နှင့် အိပ်စင်လက်မှတ်များကို သုံးရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးနေခြင်းဖြစ်ပါတယ်။ ယခုအခါ လက်မှတ်ရောင်းချမှုကို Online Railway Ticketing Platform (ORTP) ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းစနစ်နဲ့ ပြောင်းလဲရောင်းချပေးရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ရန်ကုန်-ပုဂံ ရထားကအပတ်စဉ် သောကြာနေ့ တိုင်း ရန်ကုန်ဘူတာကြီးမှ ထွက်ခွာပြီး ပုဂံမှတစ်ဆင့် အင်္ဂါနေ့တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြေးဆွဲပေးနေခြင်း ဖြစ်ပါတယ်။ အွန်လိုင်းစနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ပါက ခရီးသည်များအနေနဲ့ ဘူတာသို့ ကိုယ်တိုင်သွားရောက် ဝယ်ယူရတဲ့ အခက်အခဲ လျော့နည်းလာနိုင်မှာဖြစ်ပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .