“ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်များပုံစံ(၁၅)ထုတ်ပေးလျက်ရှိ”

12 Nov

လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များနေရာမှာ အစားထိုးနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)စတင် ထုတ်ယူနိုင်မည့်နေ့ရက်နှင့် အချက်အလက်ဖြည့်သွင်းပြီးပါက သက်ဆိုင်ရာသံရုံးများသို့ ပြန်လည်ပေးပို့နိုင်မည့် နေ့ရက်များကို UEC က သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၂ (က)အရ အသိပေးခဲ့ပါတယ်။ ပုံစံ(၁၅)များကို နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ UEC ၏ Website ၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှ Download ရယူနိုင်ပြီး အချက်အလက်ဖြည့်သွင်းပြီးပါက နိုဝင်ဘာလ ၁၂ ရက်မှ ဒီဇင်ဘာလ ၂ ရက်အတွင်း သက်ဆိုင်ရာသံရုံးများသို့ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .