“မန်ယူအသင်းနည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့တဲ့ ပိုချက်တီနို”

11 Nov

မန်ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနို က ရေပန်းအစားဆုံးဖြစ်လာခဲ့ကြောင်း သိရပါတယ်။ စပါးအသင်းနှင့် ချဲလ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနို က ပြီးခဲ့တဲ့သြဂုတ်လကမှ အမေရိကန်အသင်းနှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးထားခဲ့ပါတယ်။ ပိုချက်တီနို အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အလုပ်များအတွက် အသင်းမှ ထွက်ခွာခွင့်ရှိတဲ့အချက်လည်း စာချုပ်မှာ ထည့်သွင်းထားပါတယ်။ အစောပိုင်းက ကာရစ် ၏နေရာအတွက် အစားထိုးရန် အက်ဒီဟောင်း က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး နာဂယ်စ်မန်း နှင့် ကွန်တီ တို့လည်း ပါဝင်ခဲ့ပါတယ်။ အက်ဒီဟောင်း အနေနဲ့ မန်ယူအသင်းနည်းပြရာထူးကို ငြင်းပယ်ခဲ့ပြီးနောက် ပိုချက်တီနို ၏ရေပန်းစားမှုများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ပိုချက်တီနို က စပါးအသင်းမှာ ရှိချိန်ကတည်းက မန်ယူအသင်းနှင့်လည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်အသင်းကို ကိုင်တွယ်နေချိန်မှာ ပရီးမီးယားလိဂ်ကလပ် အချို့နှင့် ကောလာဟလများလည်း ထွက်ရှိခဲ့ပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .