“နည်းပြ ကာရစ် ၏အနာဂတ်ကို ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်မယ့် မန်ယူအသင်း”

11 Nov

မန်ယူအသင်းက နည်းပြ ကာရစ် ၏အနာဂတ်ကို နိုဝင်ဘာလ ၁၁ ရက်မှာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရပါတယ်။ မန်ယူဘုတ်အဖွဲ့အစည်းအဝေးကို မိုနာကိုမှာ ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးသို့ ပူးတွဲပိုင်ရှင်နှင့် ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်၊ အမှုဆောင်ချုပ် အိုမာဘယ်ရာဒါ နှင့် ဘောလုံးဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့ တို့ တက်ရောက်မှာဖြစ်ပါတယ်။ မန်ယူအသင်းက အက်စတွန်ဗီလာနှင့် လေးဂိုးစီသရေကျပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရှိနေပြီး နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ် ဖြစ်ခဲ့ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ဇယားအောက်ဆုံးမှ ခရစ္စတယ်ပဲလေ့စ် နှင့်လည်း တစ်မှတ်သာ ကွာဟလျက်ရှိပါတယ်။ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁၉ ဂိုး ပေးခဲ့ရကာ ခရစ္စတယ်ပဲလေ့စ်၊ အစ်ဝစ်ချ်အသင်းများပြီးနောက် အများဆုံးဖြစ်နေပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .