“FIFA ဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရန် စဉ်းစားနေတဲ့ အာစင်ဝင်းဂါး”
11 Nov
အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး က လာမည့်နှစ်မတ်လမှာပြုလုပ်မည့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရန် စဉ်းစားနေကြောင်း သိရပါတယ်။ FIFA ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ၁၈ ရက် နောက်ဆုံးထားပြီး ကိုယ်စားလှယ်လောင်းစာရင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်များစွာမှာ ဥရောပဘောလုံးထိပ်တန်းပုဂ္ဂိုလ်များက အာစင်ဝင်းဂါး ကို FIFA ဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရန် မျှော်လင့်နေပြီး ၎င်းကိုယ်တိုင်လည်း လေးနက်စွာ စဉ်းစားလျက် ရှိပါတယ်။ လက်ရှိမှာ FIFA ဥက္ကဋ္ဌအဖြစ် အင်ဖန်တီနို ကလည်း ပြန်လည်ရွေးကောက်ခံရရန် ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။ အင်ဖန်တီနို က တောင်အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများ၏ ထောက်ခံမှုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ လတ်တလောမှာ အင်ဖန်တီနို နှင့် ယှဉ်ပြိုင်ရွေးကောက်ခံမည့်သူအဖြစ် စပါးနောက်ခံလူဟောင်း ရာမွန်ဗယ်ဂါ၊ ဂျပန်ဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကိုဇိုတာရှီးမား လည်း စာရင်းပေးထားခဲ့ပါတယ်။ (NVS 008)