“ဘိုင်ယန်အသင်း လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကွန်ပနီ”

11 Nov

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီ က လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကွန်ပနီ က ပြီးခဲ့တဲ့လကုန်ပိုင်းက အသင်းလေ့ကျင့်ရေးကွင်းမှာ လဲကျပြီးနောက် ကုသမှုများ ခံယူခဲ့ရပါတယ်။ ကွန်ပနီ အနေနဲ့ ကလပ်အရန်အသင်း၏ လေ့ကျင့်ခန်းကို ကြည့်ရှုနေစဉ် နေမကောင်းဖြစ်မှုကြောင့် ကွင်းအတွင်း လဲကျခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ကွန်ပနီ က ဦးနှောက်အမြှေးပါးနှင့်ဆိုင်သော ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရပြီး နေအိမ်မှာ ဆက်လက်အနားယူခဲ့ရပါတယ်။ ကွန်ပနီ အနားယူနေစဉ်ကာလအတွင်း လက်ထောက် အာရွန်ဒန့်ခ် ကိုင်တွယ်ခဲ့ပြီး လေးပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .