“လားရှိုးနှင့် လွိုင်လင်မြို့တို့မှာ မိုးရေချိန်စံချိန်သစ်တင်”

11 Nov

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှာ ရှမ်းပြည်နယ်ရှိ လားရှိုးနှင့် လွိုင်လင်မြို့တို့၌ ရွာသွန်းခဲ့တဲ့ မိုးရေချိန်က ယခင်မှတ်တမ်းများကို ကျော်လွန်ကာ စံချိန်သစ်များတင်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်ရသိရပါတယ်။ လားရှိုးမြို့မှာ နိုဝင်ဘာလ ၁၀ ရက်တွင် မိုးရေချိန် ၁၀၀ မီလီမီတာ (၃ ဒသမ ၉၄ လက်မ) ရွာသွန်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်က မှတ်တမ်းတင်ခဲ့တဲ့ ၉၆ မီလီမီတာ (၃ ဒသမ ၇၈ လက်မ) စံချိန်ကို နှစ်ပေါင်း ၉ နှစ်အကြာမှာ စံချိန်တင်ခဲ့ခြင်းဖြစ်ပါတယ်။ အလားတူ လွိုင်လင်မြို့မှာလည်း နိုဝင်ဘာလ ၁၀ ရက်တွင် မိုးရေချိန် ၉၆ မီလီမီတာ (၃ ဒသမ ၇၈ လက်မ) ရွာသွန်းခဲ့ပြီး ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်က မှတ်တမ်းတင်ခဲ့သည့် ၉၃ မီလီမီတာ (၃ ဒသမ ၆၆ လက်မ) စံချိန်ကို နှစ်ပေါင်း ၃၈ နှစ်အကြာတွင် ကျော်လွန်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .