“မြန်မာ-အိန္ဒိယ အသေးစားဖွံ့ဖြိုးမှုစီမံကိန်းအရ ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းနှစ်ခု လွှဲပြောင်းပေးအပ်”
11 Nov
မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းပညာနှင့် အလုပ်အကိုင် အခွင့်အလမ်းများမြှင့်တင် ရန် အမျိုးသမီးရေးရာဝန်ကြီးဌာနမှ မြန်မာ-အိန္ဒိယအသေးစားဖွံ့ဖြိုးမှုစီမံကိန်း (Small Development Project-SDP) အရ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနှစ်ခုတို့၏ လုပ်ငန်းများလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ စီမံကိန်းနှစ်ခုမှာ ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းအဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံ၊ထားဝယ်နှင့်ဟားခါးမြို့ တို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်းသို့ ဆိုလာစနစ်များ၊ အပ်ချုပ်စက်များနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးသည့် စီမံကိန်းတို့ ဖြစ်ပါတယ်။ အခမ်းအနားမှာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် က ယင်းစီမံ ကိန်းများက နှစ်နိုင်ငံ စီးပွားရေးနှင့်လူမှုရေး ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်ပြီး အမျိုးသမီးများ၏ အသက်မွေးဝမ်း ကျောင်း ကျွမ်းကျင်မှုများကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Abhay Thakur ကလည်း အမျိုးသမီးများအတွက် လက်တွေ့ကျွမ်းကျင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်၍ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)