“အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းမှ အဖွဲ့အစည်းသစ် ၅ ဖွဲ့ကို အသိအမှတ်ပြုလက်မှတ်ပေးအပ်”
11 Nov
အလုပ်သမားများ၏ အဖွဲ့အစည်းဖွဲ့စည်းခွင့်နှင့် အခွင့်အရေးများ ရရှိစေရေးအတွက် အလုပ်သမားအဖွဲ့အစည်း များကို ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုလျက်ရှိရာ လက်ရှိမှာ အလုပ်ရှင်၊ အလုပ်သမားအဖွဲအစည်း စုစုပေါင်း ၃,၁၄၅ ဖွဲ့အထိ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း ၃၀၀၆ ဖွဲ့ ရှိခဲ့ရာမှ ယခုအခါ ၃၁၄၅ ဖွဲ့အထိ ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် ၁၃၉ ဖွဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလမှ ယခုအထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၁၁ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်းတစ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်းတစ်ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်တစ်ဖွဲ့စုစုပေါင်း ၁၄ ဖွဲ့ တိုးမြှင့်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Coastal Seafarers Federation-MCSF)၊ မန္တလေးတိုင်းဒေသကြီးမှ Ayeyarwaddy Success Venture Foods (MDY) စားသောက်ကုန်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပဲခူးတိုင်းဒေသ ကြီးမှ Heri Garment အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ တောင်ငူမြို့မှ တင်တင်စိန်အိတ်ချုပ်အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ ပဲခူးမြို့မှ I Like Food စားသောက်ကုန်အခြေခံအလုပ်သမားအဖွဲ့အစည်း စုစုပေါင်းအလုပ် သမားအဖွဲ့အစည်းငါးဖွဲ့တို့ကို အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပုံစံ(၇) ပေးအပ်ခဲ့ပါတယ်။ (NVS 008)