“ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ Diploma in China Studies သင်တန်းအမှတ်စဉ် (၃) ဖွင့်လှစ်မည်”

11 Nov

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနက ဖွင့်လှစ်မည့် အမှတ်စဉ် (၃) Diploma in China Studies သင်တန်းအတွက် သင်တန်းသားများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလကို ၂၀၂၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ သတ်မှတ်ထားပြီး Semester နှစ်ခုဖြင့် သင်ကြားပို့ချမည်ဖြစ်ကာ Semester တစ်ခုလျှင် ၁၆ ပတ် ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီ အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူများအနေနဲ့ နိုင်ငံတော်က အသိအမှတ် ပြုထားသော ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဓာတ်ပုံသုံးပုံတို့ကို တင်ပြရမှာ ဖြစ်ပါတယ်။ လျှောက်လွှာပုံစံကို တက္ကသိုလ်ကျောင်းသားရေးရာဌာနမှာ ထုတ်ယူနိုင်ပြီးသင်တန်းကြေးကို ငွေလက်ခံ ဌာနမှာ ပေးသွင်းရမှာဖြစ်ပါတယ်။ လျှောက်ထားနိုင်တဲ့ကာလမှာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှ ၂၆ ရက်အထိ ဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်ကို နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါတယ်။ ဒါ့အပြင်သင်တန်း သားဦးရေ ၃၀ ဦး အောက်သာရှိပါက သင်တန်းဖွင့်လှစ်မည်မဟုတ်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .