“အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ်ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းကြရန်တိုက်တွန်း”

11 Nov

အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ်ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်သုတေသနပြုကြိုးပမ်း ကြရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုဝင်ဘာလ ၁၀ ရက်နံနက်ပိုင်းတွင်စတင်ကျင်းပတဲ့ အခြေခံ ပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများဖွင့်ပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးက နေ့စဉ်နှင့်အမျှတိုးတက်ပြောင်းလဲနေသဖြင့် နိုင်ငံအတွက်လိုအပ်တဲ့ အာကာသနည်းပညာ ဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရန်၊ အကျိုးရှိအောင်အသုံးချရန်၊ နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့်သီးနှံအခြေအနေကိုသိရှိပြီး အချိန်မီစီမံ နိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ်ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်သမ္မတ က အခမ်းအနားကို ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အာကာသနှင့် AI နည်းပညာသုံး စိုက်ပျိုးရေးစနစ်ပြခန်း၊ အာကာသနှင့် AI နည်းပညာအသုံးချပြခန်းရှိ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေးစနစ်၊ ဂြိုဟ်တုနည်းပညာအသုံးချ Application များ၊ AI နှင့် အမေးအဖြေကဏ္ဍ၊ Al အသုံးပြုစိတ်ဝင်စားဖွယ်ဂိမ်းများကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒါ့အပြင် စက်ရုပ်နည်းပညာပြခန်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း၊ နက္ခတ်တာရာ နှင့် အာကာသသိပ္ပံပြခန်း၊ အာကာသစူးစမ်းလေ့လာရေးပြခန်း၊ နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာရေး သုတေသနပြခန်း၊ ယခင်ပြိုင်ပွဲ၌ဆုရရှိခဲ့တဲ့ ပန်းချီ၊ ကာတွန်း၊ ပိုစတာလက်ရာများ ခင်းကျင်းပြသထားရှိမှုတို့ကိုလည်း ကြည့်ရှုအားပေးခဲ့ပါတယ်။ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို နေပြည်တော် ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့ကကြီးမှူး၍ အနာဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များ အာကာသ သိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတဆင့်သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကျင်းပလျက်ရှိပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .