“၂၀၂၆ Golden Boy ဆုကို ဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ကူဘာဆီ”
10 Nov
၂၀၂၆ Golden Boy ဆုကို ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်နောက်ခံလူ ကူဘာဆီက ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆုကို ဥရောပဘောလုံးလောကတွင် ကစားနေတဲ့ အသက် ၂၁ နှစ်နဲ့အောက် လူငယ် ကစားသမားများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ကစားသမားတစ်ဦးသည် ယင်းဆုကို အသက်မီသော်လည်း အများဆုံးတစ်ကြိမ်သာ ချီးမြှင့်ခံရမည်ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာကစားသမားများက နောက်ပိုင်းနှစ်များအတွင်း ယင်းဆုကို လွှမ်းမိုးထားပြီး နောက်ဆုံး ခြောက်နှစ်အတွင်း ကူဘာဆီ (၂၀၂၆) ၊ ပတ်ဒရီ(၂၀၂၁)၊ ဂါဗီ(၂၀၂၂)၊ ယာမယ်(၂၀၂၄) တို့က လေးကြိမ် ဆွတ်ခူးထား ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကူဘာဆီ အနေနဲ့ ၂၀၁၈ ခုနှစ်က လက်ရှိမန်ယူနောက်ခံလူ ဒီလစ် ရရှိပြီးနောက် ယင်းဆုဆွတ်ခူးနိုင်သည့် ပထမဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကူဘာဆီ အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ လူငယ်အကောင်းဆုံးဆု ကို ဆွတ်ခူးခဲ့ပြီး Ballon d'Or ဆုတွင်မူ အဆင့် ၁၂ နေရာ၌ ရပ်တည်ခဲ့ပါတယ်။ (NVS 008)