“အိုဗီယေဒိုအသင်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ရီးရဲလ်အသင်းဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်”

10 Nov

ရီးရဲလ်အသင်းဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ဂွန်ဇာလက်ဇ် က စပိန်ဒုတိယတန်းကလပ် အိုဗီယေဒိုအသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ရာအူးလ် အနေနဲ့ နည်းပြချုပ်ရာထူးဖြင့် ပထမဆုံးတာဝန်ယူရမည့် ကလပ်လည်း ဖြစ်လာခဲ့ပါတယ်။ ရာအူးလ် က အိုဗီယေဒိုအသင်းနှင့် ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမည့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ အိုဗီယေဒိုအသင်း က နည်းပြ ကာလယ်ရို ကို ရာထူးမှထုတ်ပယ်ပြီးနောက် ရာအူးလ် နှင့် ချက်ချင်းအစားထိုးခဲ့ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ အိုဗီယေဒိုအသင်းက အဆင့် (၉) နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။ ရာအူးလ် က ရီးရဲလ်အရန်အသင်းများကို ၂၀၁၉ မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ယူ နည်းပြပေးခဲ့ပါတယ်။ ရာအူးလ် အနေနဲ့ ကစားသမားဘဝမှာ ရီးရဲလ်အသင်းအတွက် ၇၄၁ ပွဲကစားကာ ၃၂၃ ဂိုး သွင်းယူပေးခဲ့ပြီး စပိန်လက်ရွေးစင်အသင်းအတွက် ၁၀၂ ပွဲကစားပြီး ၄၄ ဂိုး သွင်းယူပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

10 Nov

ADVERTISE HERE .