“နည်းပြ ကာရစ် ကို ရာထူးမှ ထုတ်ပယ်ဖွယ်ရှိတဲ့ မန်ယူအသင်း”

10 Nov

မန်ယူအသင်းက ယခုနိုင်ငံတကာရက်သတ္တပတ်အတွင်း နည်းပြ ကာရစ် ကို ရာထူးမှထုတ်ပယ် သွားဖွယ်ရှိကြောင်း သိရပါတယ်။ အောက်တိုဘာလ ၂၅ ရက်က ဘုန်းမောက်အသင်းအား ၃ ဂိုးပြတ်နဲ့အရေးနိမ့်ပြီးနောက် အသင်းက ကာရစ် ကိုပင် ဆက်လက်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုနိုင်ငံတကာရက်သတ္တပတ်အတွင်း အခြေအနေကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဘုတ်အဖွဲ့က ကာရစ် ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားခဲ့ပေမယ့် မန်ယူအသင်း အမှုဆောင်ချုပ် အိုမာဘယ်ရာဒါနှင့် ဘောလုံးဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့ တို့က အသင်းပိုင်ရှင်များ ဖြစ်တဲ့ ဂလေဇာမိသားစုနှင့် ဆာဂျင်မ်ရက်ကလစ်ဖ် တို့အား ကာရစ် ကိုထုတ်ပယ်ရန် အကြုံပြုလိမ့်မည်ဟု မျှော်မှန်းချက်များ မြင့်မားလာခဲ့ပါတယ်။ မန်ယူအသင်းက အက်စတွန်ဗီလာနှင့် လေးဂိုးစီသရေကျပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၈ နေရာတွင် ရှိနေပြီး နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ် ဖြစ်ခဲ့ပါတယ်။ (NVS 008)

10 Nov

ADVERTISE HERE .