“အောက်တိုဘာလအတွက် လာလီဂါအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မော်ရင်ဟို”

10 Nov

ရီးရဲလ်အသင်းနည်းပြ မော်ရင်ဟို အနေနဲ့ အောက်တိုဘာလအတွက် လာလီဂါအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ မော်ရင်ဟို က အောက်တိုဘာလအတွင်း ယှဥ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဥ်သုံးပွဲစလုံးကို နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မော်ရင်ဟို အနေနဲ့ ရီးရဲလ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ပြီးနောက် တတိယမြောက်လမှာ အကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုရာသီလာလီဂါပြိုင်ပွဲ၏ သြဂုတ်လအကောင်းဆုံးနည်းပြဆုကို အလာဗတ်စ် နည်းပြ ဆန်းချက်ဇ် ဖလောရက်စ် ရရှိခဲ့ပြီး စက်တင်ဘာလအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ရရှိခဲ့ပါတယ်။ (NVS 008)

10 Nov

ADVERTISE HERE .