“ဥရုဂွေးနောက်ခံလူ အာရူဟို ကို အပြီးသတ်ခေါ်ယူရန် လာမယ့်နွေရာသီမှာ ဆုံးဖြတ်မယ့် လီဗာပူးလ်အသင်း”
10 Nov
လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်းထံမှ တစ်ရာသီအငှားနဲ့ ခေါ်ယူထားတဲ့ ဥရုဂွေးနောက်ခံလူ အာရူဟို ကို အပြီးသတ်ခေါ်ယူခြင်းပြု၊ မပြု နွေရာသီမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက အာရူဟို ကို အငှားခေါ်ယူခဲ့ရာမှာ ပေါင် ၄၇ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မည့် သဘောတူညီမှု ရယူထားခဲ့ပါတယ်။ အဆိုပါပြောင်းရွှေ့ကြေးမှာ များပြားနေတဲ့အတွက် ရာသီကုန်မှ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားခြင်းဖြစ်သလို၊ အာရူဟို က ရာသီကုန်ချိန်မှာ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်နှင့် တွေ့ဆုံဆွေးနွေး သွားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ အာရူဟို က ၂၀၁၈ ခုနှစ်ကတည်းမှာ ဘာစီလိုနာအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၃ ပွဲကစားပြီးချိန်မှာ လီဗာပူးလ်အသင်းထံ အငှားချခဲ့တာဖြစ်ပါတယ်။ အာရူဟို က ဘာစီလိုနာအသင်းမှာ ခံစစ်အတွင်းလူအဖြစ် ကစားခဲ့ခြင်းဖြစ်သော်လည်း လီဗာပူးလ်အသင်းတွင်မူ ညာနောက်ခံလူအဖြစ် ခြေစွမ်းပြလျက် ရှိပါတယ်။ (NVS 008)